တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး

အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တည်ဆောက်ရေးလုပ်ငန်းများအားကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တည်ဆောက်ရေးလုပ်ငန်းများအားကြည့်ရှုစစ်ဆေး

ထားဝယ်           ဇန်နဝါရီ ၂၂

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင်ထားဝယ်မြို့၊ ကမြောကင်းတံတားချဉ်းကပ်လမ်းပေါ်ရှိ ကျောက်စီရေမြောင်း တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။tni

ရှေးဦးစွာတိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးသက်ဇော်ဝင်းက ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ်၊ကမြောကင်းတံတားချဉ်းကပ်လမ်းပေါ်ရှိ ကျောက်စီရေမြောင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများနှင့်ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ၂၀၂၄-၂၀၂၅/၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ကျောက်စီ ရေမြောင်းလျာထားလုပ်ငန်းများအခြေအနေများနှင့်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ကရှင်းလင်းတင်ပြမှုအပေါ်တွင် ကျောက်စီရေမြောင်းအား ရေရှည် ကောင်းမွန်စေရေး စနစ်တကျဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကျောက်စီရေမြောင်းအချိန် မီပြီးစီး ရေး သတ် မှတ်ချက်များ နှင့်အညီ ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊  ကျောက်စီရေမြောင်းရေရှည်ခိုင်ခံ မှုရှိ စေ ရေးအတွက် သတ်မှတ်စံနှုန်းများနှင့်အညီ စနစ်တကျဆောင်ရွက်ရန်လိုအပ်ကြောင်းမှာကြားသည်။tni

ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကမ်းနားလမ်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းနှင့်ထပ်မံ ဆောင်ရွက်မည့်လုပ်ငန်းများအားကြည့်ရှုစစ်ဆေးရာတိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့၊ ညွှန်ကြားရေးမှူးဦးသက်လွင်ဦး က ကမ်းနားလမ်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေ များနှင့်ပြီးစီးပါကဖြစ်ပေါ်လာမည့်အနေအထားများ၊  ကမ်းနားလမ်း(၂)လမ်းသွားဖောက်လုပ်ခြင်းလုပ်ငန်း၊ ကွန်ကရစ်ခင်းလုပ်ငန်းနှင့်အမာခံကျောက်ခင်းခြင်းလုပ်ငန်း၊ လမ်းလယ်ကျွန်းပန်းခုံပြုလုပ်ခြင်း လုပ်ငန်း (မီးတိုင်ပါ)စသည့်တို့ကို ရှင်းလင်းတင်ပြရာတိုင်းဒေသကြီးဝန်ကြီးချုပ်က ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးအတွက်ဝိုင်းဝန်းပူးပေါင်းလုပ်ကိုင်ဆောင်ရွက်ရန်လိုအပ်ကြောင်း တာဝန်ရှိသူများ အားမှာကြားခဲ့သည်။tni

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆိပ်ကမ်းလမ်း (မင်းရပ်ကူးတို့ရပ်ကွက်လမ်းဆုံမှအောင် တံခွန်ငါးဈေးကြား) ကတ္တရာချဲ့ခင်းခြင်းလုပ်ငန်း၊ အောင်တံခွန်ငါးဈေးနှင့်ငါးဈေးအနီးဆိပ်ကမ်းဘော တံတားတည်ဆောက်မည့်မြေစသည့်နေရာများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုသက်ဆိုင် တာဝန်ရှိသူများအားမှာကြားခဲ့ကြောင်းသတင်းရရှိသည်။tni

နောက်ဆုံးရ သတင်း