ထားဝယ် ဇန်နဝါရီ ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌အတီးအမှုတ်အကအခုန်များဖြင့် စည်ကားသိုက် မြိုက်စွာကျင်းပခဲ့သည်။
ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသန့်ဇင်တို့က ပညာရေးစုံညီပွဲတော် အခမ်းအနား အားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းသား/သူ များက စုံညီပွဲတော် တို့နွှဲပျော်သီချင်းဖြင့် သီဆိုဖွင့်လှစ် သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ခေတ်မီဖွံ့ဖြိုးတိုးတက်သောဒီမိုကရေ စီနိုင်ငံတော်ကြီးအဖြစ်တည်ဆောက် ကာကွယ်နိုင်မည့် လူ့စွမ်းအားအရင်းအမြစ်များပေါ်ထွန်းလာစေရန်၊ ပြည်ထောင်စုစိတ်ဓါတ်ရင့်သန်ခိုင်မာပြီး ရိုးရာယဉ်ကျေးမှုနှင့် လူသားကောင်းဖြစ်မှုစံနှုန်းများကို ထိန်းသိမ်းမြှင့်တင်နိုင်မည့်နိုင်ငံသားကောင်း၊ သမီးမွန်များပေါ်ထွန်း လာစေရန်၊ ပညာရေးကဏ္ဍအလိုက် စွမ်းဆောင်ချက်များကို မြှင့်တင်ပေးရန်၊ အမျိုးသားပညာရည်မြှင့်မားရေးလုပ်ငန်းများကို မိဘပြည်သူများ နှင့် ပူးပေါင်းဆောင်ရွက်ရန် စသည့်ရည်ရွယ်ချက်ဖြင့်ကျင်းပရခြင်းဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင် ဗဟိုအဆင့်အင်္ဂလိပ်စာစွမ်းရည်၊ ICT နှင့်ကမ္ဘာ့ခရီးသွားနေ့အထိမ်းအမှတ်ပြိုင်ပွဲများမှဆုရရှိသူ ကျောင်း သား၊ ကျောင်းသူ(၆) ဦးအပါအဝင် တိုင်းဒေသကြီးအဆင့် ပြပွဲပြိုင်ပွဲအသီးသီးမှ ဆုရရှိသူထူးချွန်ကျောင်း သား၊ ကျောင်းသူ (၁၀၄)ဦးကို ဆုများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ပြီး ဆုချီးမြှင့်ငွေ သိန်း(၆၀) ကျော်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ကထောက်ပံ့ပေးခဲ့ကြောင်း၊ နိုင်ငံတစ်နိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် စေရန် လူ့စွမ်းအား အရင်းအမြစ်ဖြင့်သာ အဓိကတည်ဆောက်ရခြင်းဖြစ်သည့် အတွက်အသိပညာ၊ အတတ်ပညာပြည်စုံ သောပညာတတ်များပေါ်ထွက်လာစေရန် နှင့်ထူးချွန်ထက်မြက်ပြီး အကျင့်စာရိတ္တ ကောင်းမွန်၍ကျန်းမာသန်စွမ်းသော ကျောင်းသား၊ကျောင်းသူများဖြစ်ပေါ်လာစေရန် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ဆရာ၊ ဆရာမများ၊ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများ၊ စုံစုံညီညီ ပျော်ပျော် ရွှင်ရွှင်တက်တက်ကြွကြွ ပူးပေါင်းပါဝင်ရန် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊တိုင်းဒေသကြီးအနေ ဖြင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ (ဗဟိုအဆင့်)တွင်(၂)နှစ်ဆက် တိုက်ဆုများရရှိခဲ့သည့်အတွက်များစွာ ဂုဏ်ယူပါကြောင်းနှင့်နောက်နှစ်များတွင်လည်း နိုင်ငံတော်အဆင့်၌ ဆုများရရှိအောင် ဆက်လက်ကြိုးစား ဆောင်ရွက်သွား ကြရန်လိုအပ်ကြောင်း၊ အခြေခံပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး ဝန်ထမ်းများအားလုံးနှင့်ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များ အချိတ်အဆက်မိမိ လက်တွဲပူးပေါင်းပါဝင်ဆောင်ရွက်မှု မြှင့်တင်ဆောင်ရွက်သွားကြရန်၊ ဘက်စုံထူးချွန်သောလူတော်လူ ကောင်းနိုင်ငံသားကောင်း၊ သမီးမွန်များဖြစ် အောင် ပညာရေးမိသားစုများအားလုံး ဝိုင်းဝန်းပံ့ပိုး ကူညီ ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးဦးဝင်းနောင်က တိုင်းဒေသကြီးပညာရေး စုံညီပွဲတော်ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တိုင်းဒေသကြီးမှ ဗဟိုအဆင့်တွင်ဆုရရှိသောကျောင်းသား ၊ ကျောင်းသူများနှင့် တိုင်းဒေသကြီးအဆင့် တွင်ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး တက်ရောက် လာသောဧည့်သည့်တော်များအား ဆရာ/ဆရာမများနှင့်အခြေခံပညာ ကျောင်းပေါင်းစုံမှကျောင်းသား၊ ကျောင်းသူများကထာဝရသစ္စာ ၊ဒို့တာဝန်၊ ပြည်ထောင်စုသွေး၊ ပုဂံအက၊ မြတ်ဆရာရဲ့အားမာန် ၊ဘက်စုံ ပညာဂုဏ်ရည်တို့လှမ်းချီ သီချင်းဖြင့်သီဆိုကပြဖျော်ဖြေခဲ့ကြကြောင်းသတင်းရရှိသည်။

