တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး

အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့တက်ရောက်

ထားဝယ်       ဖေဖော်ဝါရီ ၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်သူနာပြုသင်တန်းကျောင်း၏အပတ်စဉ် (၃၁) ၊မောင်မယ်သစ် လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ထားဝယ်သူနာပြုသင်တန်းကျောင်းခန်းမ ဆောင်၌ကျင်းပသည်။tni

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက နိုင်ငံတော်၏လူမှုရေးဦးတည်ချက် တစ်ရပ်ဖြစ်သည့် နိုင်ငံ၏အခြေခံကျန်းမာရေးစောင့်ရှောက်မှုကိုပိုမိုခိုင်မာအောင် တည်ဆောက်၍ တစ်မျိုးသားလုံးသက်ရှည်ကျန်းမာသည့်ကျန်းမာရေးစနစ် ဖြစ်ပေါ်လာရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်အမျိုးသားကျန်းမာရေးမူဝါဒ နှင့် အညီအမျိုးသား ကျန်းမာ ရေးစီမံကိန်း၊ ကျေးလက်ကျန်းမာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ မြန်မာ့ကျန်းမာရေးဆိုင်ရာ မျှော်မှန်းချက် နှစ်(၃၀)နှစ်ရှည်စီမံကိန်းတို့ကို စနစ်တကျရေးဆွဲပြီးနယ်စပ်ဒေသကျေးလက် အစွန်အဖျားအပါအဝင် တစ်နိုင်ငံ လုံးကိုကျန်းမာရေးစောင့်ရှောက်မှုတိုးမြှင့်လွှမ်းခြုံမှုပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့်ဆရာဝန်များ ၊ သူနာပြု-သားဖွားဆရာမ များနှင့်ဆေးဘက်ဆိုင်ရာပညာရှင်များကိုနှစ်စဉ်တိုးမြှင့် လေ့ကျင့်မွေးထုတ်ပေးလျက်ရှိကြောင်း၊ တိုင်းဒေ သကြီးအစိုးရအဖွဲ့အနေဖြင့် သူနာပြုမောင်မယ်သစ်လွင်များအား ဝမ်းမြောက်စွာကြိုဆိုပါကြောင်း၊ သူနာ ပြုသစ်လွင်မောင်မယ်အများနေဖြင့် သူနာပြု-သားဖွားဒီပလိုမာအဖြစ် ရောင့်ရဲတင်းတိမ်မနေဘဲ အဆင့် မြင့်သူနာပြုဘွဲ့များကို တက်လှမ်းသင်ကြားနိုင်ရန် ကြိုးစားစေလိုကြောင်း၊မောင်မယ်သစ်လွင် သင်တန်းသား၊ သင်တန်းသူများ လိုက်နာရမည့် သူနာပြုကျင့်ဝတ်များကို လိုက်နာကျင့်ကြံကြရန်၊ ပြည်သူ  လူထုနှင့်ဆက်ဆံရာတွင် ယဉ်ကျေးပျူငှာစွာ ဆက်ဆံကြရန်၊ အခြေခံသူနာပြုစုမှု အတတ်ပညာများဖြင့် ပြည်သူများကိုကျွမ်းကျင်စွာပြုစုပေးနိုင်သော မှန်ကန်သော Mindset. ရှိသည့် သူနာပြုကောင်းများဖြစ် ကြရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီး၏ဂုဏ်ဆောင်၊ ထားဝယ်သူနာပြုသင်တန်းကျောင်း၏ကောင်း သတင်းနှင့် အစဉ်အလာကောင်းများကို မိမိတို့ကိုယ်တိုင်ထိန်းသိမ်းပြီး နောင်လာမည့် မျိုးဆက်သစ် သူနာ ပြုများထံလက်ဆင့်ကမ်းနိုင်အောင်ကြိုးစားကြရန်လိုအပ်ကြောင်း၊ စစ်မှန်သောမျိုးချစ်စိတ်ကိုအခြေခံပြီး  စည်းလုံးညီညွတ်စွာဖြင့်ပြည်သူ့လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန်၊ အတွေးအခေါ်မှန်ကန်မျှတအောင် စိတ်ဓာတ်စွမ်းရည်မြှင့်တင်ပြီး နိုင်ငံတော်၏ သားကောင်း၊သမီးကောင်းများ ဖြစ်အောင် ကြိုးပမ်းကြရန်လိုအပ်ကြောင်း ပြောကြား သည်။tnitni

ထို့နောက်တိုင်းဒေသကြီး၊ ကုသရေးဦးစီးမှူး၊ ထားဝယ်သူနာပြုသင်တန်းကျောင်း (စီမံဥက္ကဌ) ဒေါက်တာအောင်ငွေစံက အမှာစကား ပြောကြားပြီးကျောင်းအုပ်ကြီး ဒေါ်သင်းသင်းလှိုင်က ကြိုဆိုနှုတ် ခွန်းဆက်စကားပြောကြားကာ အပတ်စဉ်(၃၁)၊ ပထမနှစ် သူနာပြုသင်တန်းသား/သင်တန်းသူ မောင်မယ်သစ်လွင်(၇၁)ဦးက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြသည်။tnitnitni

ဆက်လက်၍ မောင်မယ်သစ်လွင်များအားလုံး၏ ကိုယ်စားသင်တန်းသားတစ်ဦးကကျေးဇူးတင် စကားပြောကြားပြီးမောင်မယ်သစ်လွင်သင်တန်းသား/သူများက တေးသီချင်းအကများဖြင့် သီဆိုဖျော် ဖြေနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွတ်တော်တရားသူကြီးချုပ် ၊ တိုင်းဒေသ ကြီး ဝန်ကြီးများနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။tnitni

tni

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သူနာပြုသင်တန်းကျောင်းဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ ငွေ(၅)သိန်းကျပ်အားပေးအပ်ရာ ကျောင်းအုပ်ကြီး ဒေါ်သင်းသင်းလှိုင်က လက်ခံယူခဲ့ကြောင်း သတင်းရရှိ သည်။tni

tni

နောက်ဆုံးရ သတင်း