တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး

အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်

ထားဝယ်  ဖေဖော်ဝါရီ ၉

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၄)ခရိုင် အသက်(၂၅)နှစ်အောက်အမျိုး သားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက်နေ့ ညနေပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအားကစားကွင်း၌ ကျင်းပသည်။ tni

ရှေးဦးစွာဗိုလ်လုပွဲသို့တက်ရောက်လာသည့် ထားဝယ်ခရိုင်(က)အသင်း နှင့် ထားဝယ်ခရိုင်(ခ)အ သင်းတို့၏ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ အားကစားသမားများနှင့်အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးရာ ထားဝယ်ခရိုင်(က)အ သင်း က (၁)ဂိုး(၀)ဂိုးဖြင့် အနိုင်ရရှိသည်။tni

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ပွဲစဉ်တစ်လျှောက်အကူအညီပေးသောကြက်ခြေတပ်ဖွဲ့အား ဂုဏ်ပြုဆုငွေချီး မြှင့်ပြီး တိုင်းဒေသကြီးဥပဒေချုပ်ဦးအုန်းသန်း က(ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း၊ ဂိုးအကောင်းဆုံး နှင့်ပွဲစဉ်တစ်လျှောက် အကောင်းဆုံး)အားကစားသမားဆု ရရှိသူများအား ဆုချီးမြှင့်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမင်းမင်းလတ်က ဒုတိယဆုရရှိ သည့် ထားဝယ်ခရိုင် (ခ) အသင်းအားတစ်ဦးချင်းဆုနှင့်ငွေသားဆုပေးအပ်ချီးမြှင့်သည်။tni

tni

ဆက်လက်၍ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေးက ပထမဆု ရရှိသည့် ထားဝယ်ခရိုင်(က) အသင်းအားတစ်ဦးချင်းဆုနှင့်ငွေသားဆုချီးမြှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တံခွန်စိုက်ဆုဖလားပေးအပ်ချီးမြှင့််ခဲ့ကြောင်းသတင်းရရှိသည်။tnitni

နောက်ဆုံးရ သတင်း