တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး

အစိုးရအဖွဲ့

ထားဝယ်မြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့နိုင်ငံတော်အလံတင်အခမ်းအနား နှင့် ပြည်ထောင်စု နေ့ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနား ကျင်းပ

ထားဝယ်မြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့နိုင်ငံတော်အလံတင်အခမ်းအနား နှင့် ပြည်ထောင်စု နေ့ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနား ကျင်းပ

ထားဝယ်       ဖေဖော်ဝါရီ ၁၂

(၇၇)နှစ်မြောက်ပြည်ထောင်စုနေ့နိုင်ငံတော်အလံတင်အခမ်းအနား နှင့် သဝဏ်လွှာဖတ်ကြား ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားက စားကွင်း၌ ကျင်းပသည်။tni

ရှေးဦးစွာ နံနက် ၅ နာရီ မိနစ် ၃၀ တွင် ( ၇၇ )နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံ တင်အခမ်းအနားကို ကျင်းပရာအလံတင်တပ်စုမှ ဦးဆောင်၍တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးဗိုလ်မှူးကြီးမင်းမင်းလတ်က နိုင်ငံတော်အလံကို တိုင်ထိပ်သို့လွှင့်တင်ခဲ့ပြီးတက် ရောက်လာသောဧည့်သည်တော်များက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။tni

ထို့နောက် နိုင်ငံတော်အလံအလေးပြုခြင်းနှင့်သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကိုနံနက် ၇ နာရီ တွင်ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး၊တိုင်းဒေသကြီးဝန်ကြီးများ၊ အရာရှိစစ်သည်များ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့၊ ဆရာ/မများ၊ ကျောင်းသား/သူများစုစုပေါင်း (၅၀၀)ဦး ခန့် တက်ရောက်သည်။tni

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက အလေးပြုခံစင်မြင့်တွင်နေရာယူပြီး ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကိုခံယူကာ တက်ရောက်လာသော ဧည့်သည်တော်များနှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို အလေးပြုပြီးဂုဏ်ပြုတပ်ဖွဲ့တီးဝိုင်းက နိုင်ငံတော်သီ ချင်းကိုတီးမှုတ်၍ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ နှင့် တပ်မတော်သားများအား အလေးပြုခဲ့ကြသည်။tnitni

၄င်းနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ်သတိုးမဟာသရေစည်သူ ၊ သတိုးသီရိသုဓမ္မ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ၂၀၂၄ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ဖတ်ကြားပြီးဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။tnitnitni

နောက်ဆုံးရ သတင်း