တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး

အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဌာနပေါင်းစုံအမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့တက် ရောက်

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဌာနပေါင်းစုံအမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့တက် ရောက်

ထားဝယ်         ဖေဖော်ဝါရီ ၂၆

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံအမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ ဖူဆယ်အားကစားခန်းမ၌ကျင်းပသည်။tni

ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းနေရာယူပြီး တိုင်းဒေသကြီး၀န်ကြီးချုပ်အား စစ်ရေးပြမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက အလေးပြုပြီးတန်းအပ်သည်။

tni

အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ပထမအကြိမ်မြောက်ဌာနပေါင်းစုံအမျိုးသား ဖူဆယ် ဘောလုံး ပြိုင်ပွဲသည် ဌာနဆိုင်ရာအဖွဲ့အစည်းများအချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိရေး၊ ဝန်ထမ်းများအားကစားပြုလုပ် ခြင်းဖြင့် ကျန်းမာပျော်ရွှင်မှုရရှိပြီး အလုပ်ခွင်တွင်တက်ကြွစွာတာဝန်ထမ်းဆောင်နိုင်ရေး ၊ အလားအလာရှိသော ဖူဆယ် ဘောလုံး သမား များထွက်ပေါ်လာရေးနှင့်ဖူဆယ်ဘောလုံးအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာရေးတို့အတွက် ရည်ရွယ် ၍ကျင်းပသည်ပြိုင်ပွဲတစ်ခုလည်းဖြစ်ကြောင်း၊ ဖူဆယ်ဘောလုံးအားကစားသမားများအနေဖြင့် အနိုင် / အရှုံး တစ်ခုတည်း ကိုသာ ဦးတည်ယှဉ်ပြိုင်သည်မျိုးမဟုတ်ဘဲ မိမိဌာန၏ဂုဏ်၊ တိုင်းဒေသကြီး၏ဂုဏ်၊နိုင်ငံတော်၏ဂုဏ်ကို ဆောင်နိုင်မည့် ထိုက်တန်ထူးချွန်သော အားကစားသမားကောင်းများ ပေါ်ထွက်ရေးနှင့်သတ္တိရှိမှု၊ သည်းခံနိုင်မှု၊ ကျွမ်းကျင်မှု၊ စိတ်ဓါတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွှတ်မှု၊ယဉ်ကျေးမှု၊ စည်းကမ်းကိုရိုသေလိုက်နာတတ်မှုစသည့် အခြေခံကောင်းများကိုအစွမ်း ကုန် ဖော်ထုတ်ပြသ ရင်း အနိုင်ရရှိရေးအတွက် ကြိုးစားယှဉ်ပြိုင်သွားကြရန်လိုအပ်ကြောင်း၊ ပြိုင်ပွဲကနေအရည်အချင်း ရှိသည့်ဖူဆယ်ဘောလုံး အားကစားသမားများကို စိစစ်ရွေးချယ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲကိုစေလွှတ် ယှဉ်ပြိုင်သွားမှာဖြစ်သောကြောင့် ဖူဆယ်ဘောလုံး အားကစားသမား များအနေဖြင့်တိုင်းဒေသကြီးလက်ရွေးစင်အဖြစ် ရွေးချယ်ခံရအောင်ကိုယ်စီကျွမ်းကျင်မှု ၊ ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှု တို့ဖြင့်အနိုင်မခံ အရှုံးမပေးသော အားကစားစိတ်ဓါတ် အပြည့်အဝဖြင့်  ကြိုးစားယှဉ်ပြိုင်ကစားသွားကြရန်လိုအပ်ကြောင်းပြောကြားသည်။

tni

ထိုနောက် ပြိုင်ပွဲဝင်အသင်းများကအားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုပြီး ကွင်းအတွင်းမှပြန်လည်ထွက်ခွာကာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအသင်းနှင့်စည်ပင်သာယာရေးအဖွဲ့အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမား များ၊ အားကစားဝါသနာရှင်များကြည့်ရှုအားပေးရာ စည်ပင်သာယာရေးအဖွဲ့အသင်းက (၉)ဂိုး ( ၀ ) ဂိုးဖြင့် အနိုင်ရရှိသည်။

tni

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံအမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲတွင် အသင်း(၈) သင်းဖြင့်မတ်လ(၁)ရက်နေ့အထိ ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

tni

tni

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံအမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲတွင် အသင်း(၈) သင်းဖြင့်မတ်လ(၁)ရက်နေ့အထိ ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

 

တိုင်းဒေသကြီး (ပြန်/ဆက်)

နောက်ဆုံးရ သတင်း