တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး

အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီးတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီးတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနား ကျင်းပ

ထားဝယ်       ဧပြီ  

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ်(၁၂)တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ကျင်းပခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်  ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး အောင်မျိုးထွန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရာရှိစစ်သည်များနှင့် ပြည်သူ့စစ်မှုထမ်း သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။

tnigov

ရှေးဦးစွာ အမှတ်(၁၂)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ရဲကျော်ကျော် က ဖွင့်ပွဲအခမ်းအနား မိန့်ခွန်းပြောကြားခဲ့ပါသည်။ 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်း သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနူတ်ဆက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းသားများနေထိုင်မည့် အိပ်ဆောင်များ၊ သင်တန်းခန်းမနှင့် စားရိပ်သာများအား လိုက်လံ ကြည့်ရှုကာ  လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

tnigov

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ပြည်သူ့စစ်မှုထမ်း သင်တန်းသား များအား တွေ့ဆုံအမှာစကားပြောကြားပြီး သင်တန်းသားများအတွက် ထောက်ပံငွေနှင့် အားကစား ပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပါသည်။

tnigov

ပြည်သူ့စစ်မှုထမ်းသင်တန်းအား ဧပြီလ ()ရက်နေ့မှ ဇွန်လ(၂၈)ရက်နေ့အထိ ရက်သတ္တပတ် (၁၂)ပတ် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းတွင် ကိုယ်ခန္ဓာကြံ့ခိုင်ရေး ဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ ခြေလျင်လက်နက်ငယ်ဘာသာရပ်၊ စစ်နည်းဗျူဟာ ဘာသာရပ်၊ စစ်မြေပြင်အင်ဂျင်နီယာဘာသာရပ်၊ စစ်မြေပြင်အုပ်ချုပ်ရေးဘာသာရပ်နှင့် အထွေထွေဘာသာရပ် များကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

tnigov

tnigov

tnigov

tnigov

 

နောက်ဆုံးရ သတင်း